
ကျွန်ုပ်တို့၏ ရှာဖွေဖော်ထုတ်မှု
Exile Hub ၏ သုတေသနအဖွဲ့သည် စူးစမ်းလေ့လာမှုနှင့် ထိုးထွင်းဆန်းစစ်မှုတို့ကို ဆောင်ရွက်ရန် ကတိကဝတ်တစ်ခုကို ပြသလျက် မြန်မာနိုင်ငံနှင့်ဆက်စပ်သည့် သုတေသနပြုချက်များကို အချိန်မှန်တိကျစွာ ပေးပို့ရန် သန္နိဋ္ဌာန်ချထားပါသည်။ ယုံကြည်စိတ်ချရသော သတင်းအချက်အလက်များ ထောက်ပံ့ပေးခြင်းအပေါ် အာရုံစိုက်ထားပြီး ကျွန်ုပ်တို့အဖွဲ့အနေဖြင့် ဘက်ပေါင်းစုံပါဝင်သော ချဉ်းကပ်မှု၊ ရှိထားနှင့်သော အရင်းအမြစ်များ၊ စစ်စစ်ပေါက်ပေါက် တွေ့ဆုံမေးမြန်းမှုများနှင့် အချိန်နှင့်တပြေးညီ အချက်အလက်လေ့လာစောင့်ကြည့်မှုများ ပေါင်းစပ်မှုတစ်ခုကို မြှင့်တင်မှုတို့ကို အသုံးပြုလျက်ရှိသည်။ မြန်မာနိုင်ငံ၏ ရှုပ်ထွေးသော လူမှုနိုင်ငံရေးအခင်းအကျင်းတွင် Exile Hub ၏ သုတေသနပြုသူများအနေဖြင့် အခြေအနေကို လုံးစေ့ပတ်စေ့နားလည်နိုင်သော ထင်ရှားပြီး အသေးစိတ်သည့် ထိုးထွင်းဆန်းစစ်ချက်များ ထုတ်လုပ်ရန် အသေးစိတ်ပြုလုပ်ထားသော အစိတ်အပိုင်းများကို လမ်းညွှန်ပြသလျက်ရှိသည်။ ကျွန်ုပ်တို့၏ အချိန်မှန်တိကျမှုရှိရန် ကတိကဝတ်ပြုထားမှုက ပါဝင်ဆောင်ရွက်သူများ၊ မူဝါဒရေးဆွဲသူများနှင့် ပြည်သူလူထုအနေဖြင့် ယုံကြည်စိတ်ချရပြီး အချိန်နှင့်တပြေးညီဖြစ်သော သတင်းအချက်အလက်များကို ရရှိစေပြီး အသိပေးထားသော ဆုံးဖြတ်ချက်များပြုလုပ်ရန်နှင့် မြန်မာနိုင်ငံရေးအခင်းအကျင်းတွင် ရှင်းလင်းတိကျပြတ်သားစွာ တိုးမြှင့်ပါဝင်နိုင်ရန် စွမ်းဆောင်ရည်မြှင့်တင်ပေးနိုင်မည်ကို သေချာစေပါသည်။
To request full versions of each publication, please email us at: research@exilehub.org
မြန်မာနိုင်ငံတွင် မကြုံစဖူးများပြားလှသော ဘက်ပြောင်းခိုလှုံမှုများက မြန်မာစစ်တပ်အနေဖြင့် ၎င်းတို့၏ တည်ဆောက်ထားသော ဂုဏ်သိက္ခာကို နိုင်ငံတစ်ဝှမ်းရှိ ၎င်းတို့အုပ်ချုပ်မှုကို လက်မခံသော ဆန့်ကျင်တော်လှန်မှုများအကြား အဖတ်ဆယ်ရန် ရုန်းကန်နေရသည်ကို ညွှန်ပြနေသည်။ မြန်မာနိုင်ငံအနာဂတ်အတွက် အဆိုပါဘက်ပြောင်းခိုလှုံမှုများ၏ အရေးပါပုံကို ဤဆောင်းပါးတွင် မည်သည့်အတွက်ကြောင့် စစ်သားများအနေဖြင့် မြန်မာစစ်တပ်ကို စွန့်ခွာသင့်သည်အကြောင်းကို ဘက်ပြောင်းခိုလှုံခဲ့သော စစ်သား (၅၀) နှင့် နွေဦးတော်လှန်ရေးတွင် ပါဝင်ခဲ့သူများနှင့် တွေ့ဆုံဆွေးနွေးမေးမြန်းမှုများကို အသုံးပြုရေးသားထားသည်။
ပြည်ပရောက်အသံများ - မြန်မာအမျိုးသမီးသတင်းထောက်များ၏ လုံခြုံရေးလိုအပ်ချက်များ
ပြည်ပရောက် မီဒီယာများ၏ ရှင်သန်ရပ်တည်နိုင်စွမ်းသည် သတင်းသမားများ ဘေးကင်းလုံခြုံစွာ အလုပ်လုပ်ကိုင်နိုင်ရန် သတင်းသမားအခွင့်အရေးကို ကာကွယ်ခြင်း၏ အရေးပါမှုကို ဆိုလိုပြီး မီဒီယာလုပ်ငန်းလုပ်ကိုင်သူတို့၏ ရှင်သန်ရပ်တည်နိုင်စွမ်းအပေါ် မူတည်သည်။ အဆိုပါအခွင့်အရေးများကို ကာကွယ်စောင့်ရှောက်ခြင်း၏ အရေးကြီးမှုကို အာဏာသိမ်းစစ်တပ်၏ သတင်းမှန်ဖြန့်ဖြူးခြင်းကို နှိပ်ကွပ်ရန်နှင့် သတင်းမှားများကို ဖြန့်ဝေရန် မရပ်မနားကြိုးပမ်းမှုများကြောင့် ၀၂၁ မြန်မာ့အာဏာသိမ်းဖြစ်စဉ် နောက်ပိုင်းကာလတွင် ဖော်ပြနိုင်ခြင်းမရှိပါ။
မြန်မာ့နိုင်ငံရေးတွင် ပါဝင်ပတ်သက်နေသော လူငယ်များ - အာဏာရှင်တို့ ဖုံးအုပ်ထားသော အမှောင်ခြုံလွှာအောက်က ထိုးထွက်လာသော တွင်းပေါက်များ
၂၀၂၁ ခုနှစ် မြန်မာ့အာဏာသိမ်းဖြစ်စဉ်သည် တစ်နိုင်ငံလုံးကို တုန်လှုပ်စေခဲ့ပြီး မြန်မာပြည်သူတိုင်း၏ ဘဝနှင့် ရှင်သန်ရပ်တည်မှုလမ်းစဉ်များကို ပြောင်းလဲစေခဲ့သည်။ ကျွန်ုပ်တို့၏ သုတေသနသည် မြန်မာနိုင်ငံတလွှားရှိ လူငယ်သန်းပေါင်းများစွာအပေါ် သက်ရောက်သော အာဏာသိမ်းမှု၏ အကျိုးဆက်အပေါ် အခြေတည်ထားသည်။ ဤစာတမ်းနှင့် သုတေသနသည် "နိုင်ငံရေးတက်ကြွလှုပ်ရှားသူ လူငယ်များအနေဖြင့် ဖက်ဒရယ်ဒီမိုကရေစီအရေး လှုပ်ရှားမှုများကို ပါှဝင်ဆောင်ရွက်နေချိန်တွင် သတင်းအချက်အလက်များ၊ ကျွမ်းကျင်မှုများနှင့် သင်ယူလေ့လာမှုများ လက်ခံရရှိဆောင်ရွက်ရာတွင် စိန်ခေါ်မှုများကို ဖော်ပြပါ။" ဆိုသော မေးခွန်းကို မေးမြန်းထားသည်။
Critical Voices Production Grant:
လိုအပ်ချက်စစ်ဆေးအကဲဖြတ်မှု
၂၀၂၃ မေလနှောင်းပိုင်းနှင့် ဇွန်လအစောပိုင်းတွင် Exile Hub က ရေရှည်လိုအပ်ချက် စစ်ဆေးအကဲဖြတ်မှု စစ်တမ်းကို ၂၀၂၃ တွင် Critical Voices Production Grant ရခဲ့ကြသော ၂၀ ဦးကို ဖြေဆိုစေခဲ့ပါသည်။ ဤစစ်တမ်းသည် အဆိုပါ Grant ရရှိသူတို့၏ အရေးပေါ်လိုအပ်ချက်၊ စိုးရိမ်ပူပန်မှုများနှင့် Exile Hub က ထပ်မံထောက်ပံ့ပေးနိုင်သော ဖြစ်နိုင်ခြေရှိသည့် ထောက်ပံ့မှုများကို စုစည်းသိရှိရန် ရည်ရွယ်ပါသည်။
