#ONLYMYVOICELEFT
PLAY ME
ငါ့အသံသာကျန်တော့တယ်
သူတို့ရဲ့အသံကလွဲလို့ အခြားဘာမှမရှိတော့တဲ့လူကို နားစွင့်နေမှာလား
၂၀၂၄ ခုနှစ် ကမ္ဘာ့သတင်းလွတ်လပ်ခွင့်နေ့
အရာအားလုံးကို ကျွန်ုပ် ဆီကနေ ယူဆောင်ခဲ့တယ်
၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၂ ရက်နေ့ မနက်အစောပိုင်းမှာ သူငယ်ချင်းတစ်ယောက်ရဲ့ ဖုန်းသံကြောင့် ကျွန်တော် နိုးလာခဲ့ပြီး အဲဒီ့အချိန်က မြန်မာနိုင်ငံကို စစ်တပ်က သိမ်းပိုက်လိုက်ပြီဆိုတာ သိလိုက်ရပါတယ်။ မကြာခင်မှာပဲ ကျွန်တော့်ရဲ့ ဘဝဟာ ထာဝရပြောင်းလဲသွားတော့မယ်ဆိုတာ သိလိုက်ရတယ်။ လအနည်းငယ်ကြာသောအခါတွင်၊ ကျွန်တော် ချစ်ခဲ့ဖူးသမျှ၊ ဂရုစိုက်ပြီး လုပ်ကိုင်ပေးခဲ့သော အရာအားလုံးသည် ပျောက်ကွယ်သွားလိမ့်မည်
ကျွန်ုပ်ရဲ့ ငွေကြေးတည်ငြိမ်မှု
ပြည်ပမှာရှိနေတဲ့ ကျွန်ုပ်ရဲ့ အလုပ်အခြေအနေမှာ ဝင်ငွေ နှင့် တရားဝင်ခွင့်ပြုချက်မရှိသောကြောင့် ကျွန်ုပ်ရဲ့ ဘဝကအရမ်းစိန်ခေါ်မှု ရှိနေပါတယ်။ ကျွန်ုပ်၏စုဆောင်းငွေအများစုကို အသုံးချရန် ကြိုးစားသော်လည်း နောက်ဆုံးတွင် ကုန်တော့မည်ကို ကျွန်ုပ်သိပါသည်။
ကျွန်ုပ်ရဲ့အိမ်
ကျွန်ုပ်ကြီးပြင်းလာခဲ့သော ကျွန်ုပ်ရဲ့ အိမ်ကို စွန့်ခွာခဲ့ရတယ်။ ယခုအချိန်တွင် ပိုင်ိဆိုင်မှု အနည်းငယ်နှင့် အတူ အခြားနိုင်ငံမှာ ပြောင်းရွှေ့နေထိုင်နေရတယ်။ မတူညီသော ဓလေ့ထုံးစံ၊ ဘာသာစကားနှင့်အတူ နေရာအသစ်တွင် ဘဝအသစ်စဖို့ အတွက် ရုန်းကန်နေရပါတယ်။
ကျွန်ုပ်ရဲ့
စိတ်ကျန်းမာရေး
ကျွန်ုပ် အမြတ်နိုးဆုံးသော အရာတွေကို ဆုံးရှုံးလိုက်ရပြီးနောက် စိတ်ကျန်းမာရေးအတွက် ရုန်းကန်နေရပါတယ်။ ကျွန်ုပ်သည် အထီးကျန်သလိုခံစားရပြီး စိတ်ဒဏ်ရာနှင့် ဖိစီးမှုဒဏ်ကို ခံစားနေရတယ်။ ကျွန်ုပ်သည် ကျွန်ုပ်၏ဇာတိနိုင်ငံသို့ ဘယ်သောအခါမှ ပြန်နိုင်ရမည်ဟူသော စိုးရိမ်မှုများ အဆက်မပြတ်ကြောက်ရွံ့ခြင်းနှင့် မသေချာမရေရာမှုများဖြင့် ခံစားနေရပါတယ်။
ကျွန်ုပ်ရဲ့ အလုပ်
ကျွန်ုပ်က သတင်းထောက်တစ်ယောက်ဖြစ်ပါတယ်။ ဒါပေမယ့် ကျွန်ုပ် အလုပ်လုပ်တဲ့ သတင်းစာတိုက်ရဲ့ လုပ်ငန်းလိုင်စင်ကို စစ်တပ်ကသိမ်းလိုက်တဲ့အတွက် ပိတ်လိုက်ရပါတယ်။ အခုလက်ရှိမှာတော့ပြည်ပတွင် လစာနည်းတဲ့အလုပ်ကိုရှာနေပြီး အလုပ်လုပ်ကိုင်ခွင့်မရှိသောကြောင့် ကျွန်ုပ် ရဲ့ အခြေအနေက အရမ်းကိုခက်ခဲနေပါတယ်။
ကျွန်ုပ်၏ သူငယ်ချင်းများနှင့်မိသားစု
ကျွန်ုပ် ရဲ့ အရင်းနှီးဆုံးအသိုင်းအဝိုင်းထဲက လူတချို့မှာ ထွက်ပြေးတိန်းရှောင်နေရပြီး တချို့မှာ အခြားနေရာတွင် ဘဝအသစ်စတင်ရန် ဖိအားပေးခြင်းခံခဲ့ရပါတယ်။ တချို့မှာကံကောင်းကြပြီး တချို့မှာ အဆုံးစွန်သောငွေကြေးပမာဏကို ပေးခဲ့ရတယ်။ …..သူတို့တွေရဲ့ဘဝတွေ
ကျွန်ုပ်ရဲ့ မျှော်လင့်ချက်
နှင့် အိပ်မက်များ
သတင်းအလုပ်တွင် အလားအလာကောင်းတဲ့ အသက်မွေးဝမ်းကျောင်းတစ်ခု ရှိနေပြီး၊ အကြီးအကဲ အယ်ဒီတာတစ်ယောက်ဖြစ်ဖို့ လမ်းကြောင်းမှန်ပေါ်ရောက်နေပြီး ဝင်ငွေတည်ငြိမ်စွာဖြင့် တစ်နေ့နေ့မှာ မိသားစုကို လက်တွဲဖော်နဲ့ ထူထောင်ချင်ပါတယ်။
ဒါပေမယ့် သူတို့ယူသွားလို့မရတဲ့ အရာတချို့ရှိတယ်။ “ကျွန်တော့်ရဲ့အသံ”
ဒီအရာ သည်ကျွန်တော့်အသံ ဖြစ်ပြီး ဤတွင် ကျွန်တော်ပြောစရာရှိသည်၊
အာဏာသိမ်းမှု မတိုင်ခင်ကာလာတုန်းက ကျွန်မမှာ ကိုယ်ပိုင်ဘဝ၊ ကိုယ်ပိုင်အလုပ်၊ တည်ငြိမ်သောဝင်ငွေ၊ မိသားစု နှင့် သူငယ်ချင်းများရှိခဲ့ပါတယ်။ သတင်းသမားတစ်ယောက်အနေနဲ့ နိုင်ငံတွင်း ဘယ်နေရာကိုမဆို သွားပြီးတော့ အလုပ်လုပ်နိုင်တယ်၊ မြန်မာနိုင်ငံမှာ ဂုဏ်ယူစွာနဲ့ လုပ်နိုင်ခဲ့တယ်။ အာဏာသိမ်းပြီးနောက်ပိုင်း ဒီအခြေအနေတွေအားလုံးကို လုံးလုံးလျားလျား ဖျက်ဆီးပစ်ခံခဲ့ရပြီး ချစ်ရတဲ့ သူငယ်ချင်း၊ လုပ်ဖော်ကိုင်ဖက်တွေ၊ ဆွေမျိုးတွေကလည်း စစ်ကောင်စီရဲ့ ဖိနှိပ်မှုအောက်မှာ အမျိုးမျိုးသော အခြေအနေတွေနဲ့ ရင်ဆိုင်နေရပါတယ်။ ကျွန်မ အနေနဲ့ကတော့ ကျွန်မရဲ့ချစ်ရတဲ့မိသားစုကို ချန်ထားခဲ့ရပြီး စစ်ကောင်စီလက်ထက်မှာ နေ့စဉ်နဲ့အမျှ ရုန်းကန်နေရတဲ့ မြန်မာနိုင်ငံက မိသားစုအတွက် အမြဲစိုးရိမ်နေမိပါတယ်။
"Mingalapar, I'm Thadoe Aung, and I live in Bagan, Myanmar. I'm working as a tourist guide in Bagan region. I'm 21 years years old, born and grew up in Yangon. and it has been 2 years since I moved to Bagan. It's mainly due to my career decision but also due to my parents, U Lay Naing and Daw Myint Myint Yi, whom also decided to settle here in Bagan Thus I moved here with my family to properly focus on my career and also to fulfill my parent's wish."
Htet ကဲ့သို့ပင် မြန်မာနိုင်ငံမှ မရေမတွက်နိုင်သော အခြားသော သတင်းထောက်များနှင့် လူ့အခွင့်အရေး ကာကွယ်သူများသည် ၎င်းတို့၏ ဇာတိမြေ နယ်နိမိတ်အတွင်း သို့မဟုတ် ပြည်ပရောက် ခိုလှုံရာနေရာများတွင် ၎င်းတို့၏ အသံများကို မကြောက်မရွံ့ အသုံးပြုနေကြသည်။
မထင်မှတ်နိုင်သော ဆုံးရှုံးမှုများနှင့် အခက်အခဲများကြားတွင် သတ္တိရှိသူများသည် ၎င်းတို့၏ အသံများကို ပါဝါအရင်းအမြစ်အဖြစ် အသုံးပြုကြသည်- တရားမျှတမှုနှင့် ဒီမိုကရေစီရေးတွင် ပြတ်သားစွာ ရပ်တည်ကာ ရှုပ်ထွေးနက်နဲသော မြန်မာတို့၏ အဖြစ်မှန်ကို ကမ္ဘာသို့ ရဲရဲဝံ့ဝံ့ မျှဝေခြင်း၊ ၎င်းတို့၏ အမှန်တရားကို ပြောဆိုခြင်း ငြင်းဆန်ခြင်း အသံတိတ်။
သူတို့ရဲ့အသံကလွဲလို့ ကျန်တာမရှိတဲ့သူတွေကို နားစွင့်နေမှာလား။
ဒါတွေက သူတို့ရဲ့ ဇာတ်လမ်းတွေပါ။
"လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့် ဟန့်တားခံလာရရင် ပြည်သူလူထုအပေါ် ဖိနှိပ်မှုတွေ ပိုများလာမှာဖြစ်သလို မတရားမှုတွေလည်း ပိုများလာမယ်။ လက်နက်ကိုင်ထားသူတွေကို ပြည်သူတွေက ကြောက်လန့်နေရမယ့် အခြေအနေကို ရောက်ရှိလာမှာဖြစ်ပါတယ်။"
မီဒီယာသမားတွေဟာ သူတို့ရဲ့အသံကို ထုတ်ဖော်ပိုင်ခွင့်ရှိပြီး ပြည်သူတွေကလည်း သတင်းရပိုင်ခွင့်ရှိတယ်လို့ ထင်ပါတယ်။ မီဒီယာပညာရှင်များ၏ အသံများကို ထုတ်ဖော်ရန် ကန့်သတ်ချက်များ နှင့် ပိတ်ပင်ချက်များ ရှိပါက သတင်းရပိုင်ခွင့်ကို ထိခိုက်စေပြီး ပြည်သူတို့၏ နေ့စဉ်ဘ၀ကို ထိခိုက်စေနိုင်သည်။ ဘာလို့လဲဆိုတော့ ကျွန်မတို့ရဲ့ နေထိုင်ရာနေရာ၊ မိဘ၊ဆွေမျိုး နှင့် သူငယ်ချင်းများနေထိုင်ရာနေရာများတွင် ဘာတွေဖြစ်နေလဲဆိုတဲ့ သတင်းအချက်အလက်များကို သိရန် လိုအပ်သောကြောင့်ဖြစ်သည်။
"အခက်အခဲတွေရှိတိုင်း ငါ့အသံကို ငါဆက်သုံးနေမယ်။ တစ်ယောက်ယောက်က စကားပြောရမှာ၊ ငါတို့ကြားဖို့ ကမ္ဘာက လိုအပ်တယ်"
“အရေးကြီးတဲ့ကိစ္စရပ်တွေမှာ မီဒီယာကျွမ်းကျင်သူတွေရဲ့ အသံကို ကြားခွင့်မပေးရင် ကြီးမားတဲ့အန္တရာယ်ရှိပါတယ်”
အဲ့လိုအခြေအနေမှာ လူထုကို သတင်းအချက်အလက်တွေပေးတယ်၊ အသိပညာတွေပေးနေတဲ့ မီဒီယာသမားတွေက ပုန်းလျှိုးကွယ်လျှိုးပြန်နေရတယ်။ တစ်ခုခုကျုးလွန်ထားလို့ ရှောင်တိန်းနေရတဲ့ဟာမျိူးအထိဖြစ်လာခဲ့တယ်။ အဲ့အခြေအနေကတော့တော်တော်လေး ပြောင်းလဲသွားတယ်။ ဘယ်သူမှ ပေါ်ပေါ်ထင်ထင် သတင်းလိုက်တယ်၊ သတင်းယူတယ်ဆိုတာမရှိတော့ဘူး။ အကုန်လုံးက လျှို့ဝှက်ပြီးတော့ တိတ်တိတ်ဆိတ်ဆိတ် လုပ်ရတယ်။ နောက်ပြီးတော့ ခက်ခက်ခဲခဲလုပ်ရတဲ့ အခြေအနေတော့ ပြောင်းလဲလာပါတယ်။
ကျွန်မ ရဲ့ အကြီးမားဆုံးစိုးရိမ်မှုက ကျွန်မမိသားစုပါ။ လက်ရှိနိုင်ငံရေးအခြေအနေနဲ့ မိသားစုကို ပြန်တွေ့နိုင်မယ်ဆိုတာ မသေချာဘူး။ ရန်ကုန်မှာ မိဘတွေချည်းပဲ ကျန်ခဲ့ပါတယ်။ ကျွန်မ နဲ့ ကျွန်မမောင်လေး က သတင်းထောက်တွေအဖြစ် လုပ်နေပါတယ်။ ဒါကြောင့် မြန်မာပြည်မှာ နေလို့မရသလို အိမ်လည်း ပြန်လို့မရပါဘူး။ ကျွန်မရဲ့မိဘတွေက နိုင်ငံကူးလက်မှတ်မရှိ သလို နိုင်ငံခြားကိုလည်း မသွားချင်ဘူး။ ပြီးတော့ သူတို့လည်း ခရီးသွားဖို့ အတွေ့အကြုံမရှိပါဘူး။ မြန်မာနိုင်ငံကနေ ထွက်ပြေးလာသူတွေလည်း အလားတူ အခြေအနေမျိုး ကြုံနေရတယ်လို့ ထင်ပါတယ်။
“အာဏာသိမ်းပြီးတဲ့ နောက်မှာ ကျွန်ုပ်တို့ ဘဝလမ်းကြောင်းတွေ မှုန်ဝါးလာပြီး မျှော်လင့်ချက်
လုံးဝမရှိသလို ခံစားရတယ်”
လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ဆိုတာက ပြည်သူလူထုအတွက် အရမ်းအရေးကြီးပါတယ်။ ဒီမိုကရေစီစနစ်ရဲ့ အသက်လို့လည်း ပြောလို့ရတယ်။ ဒါကြောင့်မို့လို့ သတင်းမီဒီယာနဲ့ လူ့အခွင့်အရေး ကာကွယ်စောင့်ရှောက်သူတွေအပေါ် ကဏ္ဍ အသီးအသီးက ဦးဆောင်သူတွေအနေနဲ့ ဒီထက်ပိုပြီး နားလည်လက်ခံနိုင်လာဖို့ မျှော်လင့်ပါတယ်။
“အကြီးမားဆုံး ဆုံးရှုံးမှုကတော့ အာဏာမသိမ်းခင်က မြန်မာနိုင်ငံမှာ နေထိုင်ခဲ့တဲ့ ကျွန်မရဲ့ လွတ်လပ်မှုနဲ့ ဘဝကို ပြန်မရနိုင်တော့တာဘဲဖြစ်ပါတယ်။ ကျွန်မရဲ့ မီဒီယာလုပ်ဖော်ကိုင်ဖက်များ၊ ဆွေမျိုးများ နှင့် အတူတကွ အလုပ်လုပ်ခဲ့ကြသော သူငယ်ချင်းများသည် တစ်ယောက်တစ်နေရာရှိနေပြီး အခက်အခဲအမျိုးမျိုးနှင့် ရင်ဆိုင်နေကြရပါသည်။ အရင်တုန်းက ကျွန်မတို့ အလုပ်မှာပျော်ခဲ့ဖူးပြီး အတူတူကြိုးစားခဲ့တဲ့အချိန်တွေကို အမြဲလွမ်းတယ်။”
"မြန်မာ့သတင်းမီဒီယာသမားတွေရဲ့ ဘဝဟာ အပိုင်းပိုင်းကျိုးပျက်သွားခဲ့ပြီ"
"အခက်အခဲတွေရှိတိုင်း ငါ့အသံကို ငါဆက်သုံးနေမယ်။ တစ်ယောက်ယောက်က စကားပြောရမှာ၊ ငါတို့ကြားဖို့ ကမ္ဘာက လိုအပ်တယ်"
"ဖမ်းဆီးခြင်း၊ ထောင်ချခြင်းနှင့် ညှဉ်းပန်းနှိပ်စက်ခြင်း
စသည့် စစ်တပ်၏ခြိမ်းခြောက်မှုများနှင့် ချိုးဖောက်မှုများကို ကျွန်ုပ်တို့ရင်ဆိုင်ခဲ့ရသည်"
"ကျွန်မရဲ့ လက်ရှိအလုပ်က စာချုပ်သက်တမ်း အတိုနဲ့ အခြေအနေမတည်ငြိမ်တဲ့ အချိန်ပိုင်းအလုပ်ဖြစ်ပါတယ်။ အကြီးမားဆုံးစိုးရိမ်မှုကတော့ ကျွန်မလိုပဲ ကမ်းကူးလာတဲ့ လူအများစုဟာ နိုင်ငံပျောက်နေပါတယ်"
"မီဒီယာသမားတွေနဲ့ လူ့အခွင့်အရေး ကာကွယ်သူတွေကို တန်ဖိုးထားဖို့နဲ့ သူတို့ရဲ့အလုပ်တွေကို ထိထိရောက်ရောက်လုပ်နိုင်အောင် ပံ့ပိုးမှုတွေ အများကြီးလိုပါတယ်။ နိုင်ငံတကာရဲ့ ထောက်ခံအားပေးမှုတွေ ပိုမိုလိုအပ်ပါတယ်"
မီဒီယာသမားတစ်ယောက်နေနဲ့ ကတော့ လာမယ့်အနာဂတ်ကို ဘယ်လိုမျှော်လင့်ထားလဲဆိုတော့ တိုက်ပွဲတွေဖြစ်နေသေးတဲ့ နိုင်ငံပဲဖြစ်ဖြစ် ပြန်လည်ထူထောင်တဲ့ အခြေအနေကို ပြန်ရောက်သွားတဲ့ အနေအထားပဲဖြစ်ဖြစ် မီဒီယာကတော့လိုအပ်တယ်။ ဘာလို့လဲဆိုတော့ မီဒီယာရှိမှ မတော်မတရားမှု တွေ သတ်ဖြတ်ထားတာတွေ လူ့အခွင့်အရေး ချိုးဖောက်ထားတာတွေ ကျွန်တော်တို့နိုင်ငံမှာ အများကြီးရှိတယ်။ ဒါတွေကို ကျွန်တော်တို့ ဖော်ထုတ်ဖို့၊ ရေးသားဖို့၊ တင်ပြဖို့ လိုအပ်တယ်။ နောက်ပြီး တိုင်းပြည်တည်ဆောက်ရေးပြန်စလာခဲ့မယ်ဆိုတဲ့ အခြေအနေမျိုး ရောက်လာခဲ့မယ်ဆိုရင်လဲ မီဒီယာရဲ့ အားလိုအပ်တယ်။
အာဏာသိမ်းပြီးနောက်ပိုင်းမှာ ကျွန်မသည် အာဏာဖီဆန်ရေးလှုပ်ရှားမှုမှာ ပါဝင်ခဲ့တာကြောင့် ကျွန်မဘဝဟာ ပြောင်းလဲသွားခဲ့တာတော့ သေချာပါတယ်။ ပြီးတော့ အလုပ်ကိုဆုံးရှုံးခဲ့ရတယ်။ ပြီးတော့ စစ်တပ်အစိုးရရဲ့ ပစ်မှတ်ထာခြင်းကို ခံခဲ့ရတယ်။ အာဏာသိမ်းပြီးနောက် ရေဒီယိုသတင်းထောက်ဖြစ်လာတယ်။ ဒါပေမယ့် ကျွန်မအတွက် ပိုအန္တရာယ်များပါတယ်။
မီဒီယာသမားတွေအနေနဲ့ သတင်းအချက်အလက်နှင့် အရေးကြီးသောအကြောင်းအရာတွေကို တင်ပြနိုင်ဖို့ဆိုရင် လက်ရှိအခြေအနေမှာ ပုန်းလျှိုးကွယ်လျှိုး တိတ်တိတ်ဆိတ်ဆိတ် လုပ်နေရတဲ့ သူတွေကို ကူညီပေးတာ၊ ထောက်ပံ့ပေးတာ၊ လက်ရှိလိုအပ်နေတဲ့ ငွေကြေးသော်လည်းကောင်း၊ အထောက်ကူပြုတဲ့ ပစ္စည်းသော်လည်းကောင်း ထောက်ပံ့ပေးတာမျိုးလုပ်ပေးဖို့ လိုအပ်မယ်လို့ထင်ပါတယ်။ အဲ့လိုထောက်ပံ့ပေးခြင်းအားဖြင့် သူတို့လုပ်ငန်းကို လုံလုံခြုံခြုံနဲ့ အတိုင်းအတာတစ်ခုအထိ လည်ပတ်နေတယ်ဆိုရင် သူတို့ရှိတဲ့ နေရာရှိ သတင်းအချက်အလက်တွေကို မီဒီယာမှာ ဖော်ပြနိုင်မှာဖြစ်တယ်။
"လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ရှိနေသရွေ့ ကျနော်တို့သတင်းသမားတွေရဲ့ အသံကို ပိုမို မြှင့်တင်ဖို့ လိုအပ်ပါတယ်"
"အခုတော့ ကျွန်ုပ် မြန်မာနိုင်ငံကို ပြန်လို့မရတော့ပါဘူး။ ပြီးတော့ ဘယ်အချိန်မှာမှ ကျွန်တော် တွယ်ကပ်နေခဲ့တဲ့ လူမျိုးဖြစ်လာမည်ဆိုတာကိုလည်း တွေးကြည့်လို့တောင်မရတော့ပါဘူး"
မီဒီယာ သမားတွေက လွတ်လွတ်လပ်လပ် လုပ်ကိုင်ခွင့်က အရေးကြီးပါတယ်။ ဘာလို့ လွတ်လပ်မှုက အရေးကြီးလဲဆိုတော့ တိုင်းပြည်တစ်ပြည်ရဲ့ နားတွေ၊ မျက်စိတွေလို့ တင်စားကြတယ်။ အဲ့တော့ ကျွန်တော်တို့ သတင်းလွတ်လွတ်လပ်လပ်လိုက်ခွင့် မရှိဘူး၊ သတင်းယူခွင့်မရှိဘူး၊ သတင်းလုပ်ငန်းလုပ်ခွင့်မရှိဘူးဆိုရင် လူ့အခွင့်အရေးချိူးဖောက်မှုတွေ၊ မီးရှို့မှု၊ သတ်ဖြတ်မှုတွေ ဖြစ်နေတဲ့ အစိုးရအဖွဲ့စည်းတွင်သာမက အခြားလက်နက်ကိုင်အဖွဲ့ စည်းတွေမှာလည်းဖြစ်ကောင်းဖြစ်နိုင်တယ်။ ဒါတွေကို ကျွန်တော်တို့က ဖော်ထုတ်တယ်၊ ရေးသားတယ်။ အဲ့လိုနေရာမျိူးမှာ သတင်းတွေ လွတ်လွတ်လပ်လပ် ရေးခွင့်မရှိတော့ဘူး၊ ဒီနယ်မြေကိုလာလို့မရဘူး၊ သူတို့ခွင့်ပြုချက်တောင်းရမယ်၊ သူတို့ရဲ့ အဖွဲ့ အစည်းကို ဂုဏ်သိက္ခာမညှိုးနွမ်းအောင်ရေးပေးရမယ် စတဲ့ ကန့်သတ်မှုတွေရှိလာရင် ကျွန်တော်တို့ အတွက်တော့ လွတ်လပ်စွာလုပ်ဆောင်မှုက မလုပ်နိုင်တော့ဘူး။ ဆိုတော့ မီဒိီယာသမားတစ်ယောက်အတွက် လွတ်လပ်မှုက အရေးကြီးပါတယ်။
ကျွန်တော်တို့ မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းလိုက်တဲ့ အချိန်ကနေစပြီးတော့ သတင်းမီဒီယာသမားတစ်ယောက်အနေနဲ့ ပြောပြော၊ ပြည်သူတစ်ယောက်အနေနဲ့ ပဲပြောပြော၊ ဘယ်ဖက်ကမှ ကောင်းမနေတော့ပါဘူး။ လူတစ်ယောက်ချင်းစီရဲ့ ဘဝတွေရော၊ နိုင်ငံတစ်ခုလုံးရဲ့ ကံကြမ္မာရောက ကောင်းနေရာကနေ ဇောက်ထိုးပြောင်းလဲသွားတယ်။ နိုင်ငံရော ပြည်သူပြည်သားတွေရဲ့ ဘဝရောက အဖက်ဖက်က ပျက်စီးသွားတယ်လို့ ကျွန်တော်ထင်ပါတယ်။
ဒီလိုမျိုးဖြစ်သွားတော့ ကိုယ်တွေဘာဆုံးရှုံးလိုက်ရလဲဆိုရင် အာဏာမသိမ်ခင်ကဆိုရင် ကျွန်မတို့ ကိုယ့်အိမ်ကို ရောက်ဖြစ်တယ်။ အခုလိုဖြစ်သွားတော့ အချ်ိန် ၄ လ၊ ၅လ ကြာရင်တောင် အိမ်ကို တစ်ကြိမ်မရောက်ဖြစ်တဲ့ အနေအထားမျိုးဖြစ်သွားတယ်။ ဘယ်သွားသွား ဘယ်လာလာအမြဲစိုးရိမ်နေရတဲ့ အနေအထားမျိုးတွေဖြစ်သွားတယ်။ လုပ်ချင်တဲ့ အရာတွေမလုပ်ရတာတွေလဲရှိတယ်။ ပြောချင်တဲ့ အရာတွေမပြောရတာတွေလဲရှိတယ်။ သွားချင်တဲ့ နေရာလဲ မသွားရတာတွေရှိတယ်။ လုံခြုံရေးကြောင့် အဲ့လိုမျိုးအရာတွေဖြစ်သွားတာတွေရှိတယ်။
ကျွန်တော်ပြောခဲ့သလိုပါပဲ။ မီဒီယာပညာရှင်တွေနဲ့ လူ့အခွင့်အရေးကာကွယ်သူတွေက ကျွန်တော်တို့ ရဲ့ အသံကို တဆင့် ထုတ်ဖော်ပြီးတော့ ပြောကြား နေသူများဖြစ်ပါတယ်။ ဘာလို့လဲဆိုရင် ကျွန်တော်တို့ ရဲ့ အသံတွေဆိုတာက ကျွန်တော်တို့မြေပြင်မှာ အသတ်ခံရတာဖြစ်ဖြစ်၊ မြေပြင်မှာ နှိပ်စက်ခံရတာပဲဖြစ်ဖြစ် ဥပမာ အခု အာဏာသိမ်းစစ်ကောင်စီက စစ်ကြောရေးကို ခေါ်ဆောင်ပြီး လိင်ပိုင်းဆိုင်ရာ ကျူးလွန်မှု နှင့် ညှင်းပမ်းနှိပ်စက်မှုတွေ အပြစ်မရှိပဲ အပြစ်ရှာပြီးတော့ သတ်ဖြတ်တာတွေ မတရားဖမ်းဆီးတာတွေ၊ ယခုလက်ရှိမှာ စစ်မှု မထမ်းမနေရတဲ့ ကိစ္စရပ်တွေဖြစ်ပေါ်လာတဲ့ အခြေအနေမှာ လူငယ်တွေထွက်ပြေးတိန်းရှောင်နေရတဲ့ အခက်အခဲတွေအားလုံးကို အပြည်ပြည်ဆိုင်ရာက သော်လည်းကောင်း၊ အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းတွေသော်လည်းကောင်း အရပ်ဖက်အဖွဲ့ အစည်းတွေသော်လည်းကောင်း မီဒီယာတွေက ကျွန်တော်တို့ရဲ့ အသံတွေကို ထုတ်ဖော်မပြောနိုင်ရင် လက်ရှိမှာ အန္တရာယ် အများဆုံး အုပ်စုတွေဖြစ်တဲ့ ပြည်သူတွေက ပိုပြီး အန္တရာယ်ကျရောက်နိုင်တယ်။
“မီဒီယာ ပညာရှင်နဲ့ လူ့အခွင့်အရေး ကာကွယ်သူတွေက ပြောပိုင်ခွင့် မရှိရင် မြန်မာနိုင်ငံဟာ အမှောင်ထုကနေ ဘယ်တော့မှ လွတ်မြောက်မှာ
မဟုတ်ဘူး”
"မီဒီယာကျွမ်းကျင်သူတွေနဲ့ စာနယ်ဇင်းသမားတွေ နှုတ်ဆိတ်နေမယ်ဆိုရင် မတရားမှုနဲ့ မညီမျှမှုဟာ ဆက်ပြီးသံသရာလည်နေလိမ့်မယ်။ နိုင်ငံ တစ်ခုရဲ့ ပွင့်လင်းမြင်သာ မှု ၊ တာဝန်ခံ မှု နှင့် တရားဥပဒေ စိုးမိုးမှုတွေမှာ သတင်းသမားတွေနဲ့ လူ့အခွင့်အရေးကာကွယ်သူတွေရဲ့ အသံဟာမရှိမဖြစ်လိုအပ်တယ် "
သတင်းသမားနဲ့လူ့အခွင့်အရေးကာကွယ်သူတွေက သူတို့ရဲ့အလုပ်ကို လွတ်လပ်စွာ လုပ်ဆောင်နိုင်ဖို့ ဘာကြောင့် အရေးကြီးလဲဆိုရင် သတင်းသမားများက အသံတွေစုံအောင် ဘက်မျှအောင် တင်ဆက်ရတဲ့ အခါမျိုးမှာ၊ မြေပြင်မှာ သက်ရောက်မှုရှိနေတဲ့ သူတွေရဲ့အကြောင်းတွေတင်ဆက်တဲ့ အခါမှာလွတ်လွတ်လပ်လပ် တင်ဆက်နိုင်ဖို့ အများကြီးလိုအပ်လို့ပါ။ မတရားမှုတွေ၊ ဥပဒေမဲ့မှုတွေ၊ တရားဥပဒေစိုးမိုးဖို့ ခက်ခဲနေတာတွေစတဲ့ စကားလုံးတွေကိုသုံးမယ်ဆိုရင် သတင်းသမားတွေ အနေနဲ့ လွတ်လွတ်လပ်လပ် အချက် အလက်ကောက်ယူနိုင်ဖို့လိုတယ်၊ လွတ်လွတ်လပ်လပ် မေးမြန်းစုံစမ်းဖို့လိုတယ်လွတ်လွတ်လပ်လပ်တင်ဆက်ဖို့လိုတယ်။ လွတ်လပ်ခွင့် မရှိတော့ဘူးဆိုရင် လွတ်လပ်စွာ သတင်းရယူခွင့် လွတ်လပ်စွာသိရှိပိုင်ခွင့် လွတ်လပ်စွာ ပြောဆိုပိုင်ခွင့်တွေက ဆုံးရှုံးနေမှာပဲ ဖြစ်ပါတယ်။
"ဒီအချိန်အတွင်းမှာ ကျွန်ုပ် ဆုံးရှုံးခဲ့ရတဲ့ အကြီးမားဆုံးအရာက ကျွန်ုပ်အိပ်မက်တွေ အစုလိုက်အပြုံလိုက်ပါပဲ။ ကျွန်ုပ် မျှော်လင့်ထားသမျှ အရာအားလုံးကို ဆုံးရှုံးခဲ့ရလို့ ဖျော်ဖြေပွဲ စင်မြင့်ကို ကုလားကာတွေနဲ့ ပိတ်လိုက်သလိုပါပဲ"
သတင်းသမားတွေ မီဒီယာ ပညာရှင်တွေ လူ့အခွင့်အရေးကာကွယ်သူတွေ ရဲ့ ဘ၀တွေက အာဏာသိမ်းပြီးနောက်ပိုင်းမှာ ဒီနှစ်တွေအတွင်းမှာဆိုရင် လွတ်လွတ်လပ်လပ် လုပ်ကိုင်ခွင့်မရှိတော့ဘူး။ အားလုံးသိကြတဲ့ အတိုင်းပါပဲ။ သတင်းဆိုရင်လည်း လွတ်လွတ်လပ်လပ် ယူပိုင်ခွင့် မရှိတော့ဘူး။ ကျွန်မတို့ကပြည်ပြေးဘ၀ကိုရောက်သွားတယ်ပေါ့နော်။ပြည်တ္ငင်းမှာလည်း နေထိုင်လို့ မရတော့ဘူး။ စစ်ကောင်စီက လိုက်လံဖမ်းဆီးတဲ့အတွက်ကြောင့်မို့ ပြည်ပမှာ Exile အနေနဲ့ ရပ်တည်လာရတယ်။ လူ့အခွင့်အရေးလှုပ်ရှားသူတွေအနေနဲ့ ဆိုရင်လည်း ပြည်တွင်းမှာ လွတ်လွတ်လပ်လပ် လှုပ်ရှားခွင့် မရတော့တဲ့အခါ ပြည်ပကနေပဲ အဝေး ရောက်လှုပ်ရှားနေရတဲ့ အနေအထားမျိုးတွေ ဘ၀ကို ပြောင်းလဲသွားခဲ့ တယ်”
“သတင်းမီဒီယာပညာရှင်တွေနဲ့ လူ့အခွင့်အရေးကာကွယ်သူတွေအတွက်ကို အကာအကွယ်ပေးနိုင်ဖို့ ဆိုရင် နိုင်ငံတစ်နိုင်ငံသော်လည်းကောင်း၊ နိုင်ငံတစ်နိုင်ငံရဲ့ တည်ဆဲဥပဒေ အရသော် လည်းကောင်း၊ အပြည်ပြည်ဆိုင်ရာပဍိဥာဥ်စာချုပ်တွေအရသော်လည်းကောင်း ကျွန်တော်တို့တွေကို ထောက်ပံ့ပေး ဖို့လိုတယ်၊ အသိအမှတ်ပြုပေးဖို့လိုတယ်။ မီဒီယာပညာရှင်တွေ နဲ့ လူ့အခွင့်အရေး ကာကွယ် စောင့်ရှောက်သူတွေရဲ့အသံကိုနားထောင်ဖို့လိုတယ်။ ဥပဒေပိုင်းဆိုင်ရာ အကာအကွယ်မျိုး၊ အသက်အန္တရာယ်ကြုံလာရင်ထွက်ပြေးတိမ်းရှောင်နိုင်မယ့် နေရာစီစဥ်ပေးတာမျိုးနဲ့ လူ့အခွင့်အရေး ကာကွယ်စောင့်ရှောက်သူတွေရဲ့ လုပ်ငန်းတာ၀န်တွေကို ကောင်းမွန်စွာလုပ်ဆောင်နိုင်ရန်အတွက် စိတ်ပိုင်းဆိုင်ရာရုပ်ပိုင်းဆိုင်ရာ ထောက်ပံ့ပေးမှုမျိုး တွေလည်းလိုအပ်ပါတယ်။ သတင်းသမားတွေရဲ့ အချက်အလက်တွေကို လုံခြုံစွာသိမ်းဆည်းထားရှိ နိုင်ဖို့ နည်းပညာပိုင်းအကူအညီ အထောက်အပံ့ တွေလည်းလိုအပ်ပါတယ်”
"အခက်အခဲတွေရှိတိုင်း ငါ့အသံကို ငါဆက်သုံးနေမယ်။ တစ်ယောက်ယောက်က စကားပြောရမှာ၊ ငါတို့ကြားဖို့ ကမ္ဘာက လိုအပ်တယ်"
“တကယ်လို့ ကျွန်တော်တို့ဆီမှာသာ လွတ်လွတ်လပ်လပ်ပြောဆိုလို့ရတယ်ဆိုလို့ရှိရင် အသက်အန္တရာယ်လည်း မစိုးရိမ်ရဘူးဆိုလို့ရှိရင် ဒေသခံတွေကိုယ်တိုင်ကလည်း သူတို့ကြုံနေရတဲ့ အသက်အန္တရာယ်ချိန်းခြောက်ခံရမှုတွေကို ပြောပြရဲမှာပေါ့နော်။ ကျွန်တော်တို့လည်း သတင်း ရယူမှုနဲ့ ရေးသားမှုအပိုင်းကို လွတ်လွတ်လပ်လပ်လုပ်ကိုင်နိုင်မှာပါ”
"The life of media professionals and journalists has turned upside down after the coup. Media lost freedom of speech and press freedom as media professionals, because armed military targets them, together with human right defenders, to be arrested, tortured and killed. Some of them lost some of their body parts during interrogations while others managed to flee to the border or other countries to save their lives."
"မီဒီယာပညာရှင်များသည် ၎င်းတို့၏ ဘဝ၊အသက်မွေးဝမ်းကျောင်း
နှင့် မိသားစုများကို
ဆက််လက် မကာကွယ်နိုင်တော့ပါ"
"စစ်တပ်က ငါတို့မြို့မှာ အခြေစိုက်လိုက်တဲ့အခါ ကင်မရာတွေ၊ ဟာ့ဒ်ဒစ်တွေ၊ ဟာ့ဒ်ဝဲတွေနဲ့ ဒေတာတွေ အားလုံးဆုံးရှုံးသွားတယ်"
"My colleagues hand I have been investigating news and updates about the coup and the different revolutions. For these, the military raided our houses and offices where we worked. We managed to relocate from one safe house to another to avoid their inspection. We made documentaries about youth participation and incidents during the earliest revolutions. "
“တော်လှန်ရေးသတင်းတွေ တနေ့တနေ့ ပိုမိုတင်ဆက်လာရတယ်။ ဒေသအသီးသီးမှာရှိတဲ့ လူ့အခွင့်အရေးကာကွယ် စောင့်ရှောက်သူတွေက သတင်းအချက်အလက်တွေရရှိရေး၊ လူ့အခွင့်အရေး အချက်သုံးဆယ်ထဲမှာပါ၀င်တဲ့အချက်သုံးဆယ်မှာ လက်ရှိမှာအဓိကက လူ့အခွင့်အရေးကို ဘယ်သူတွေက ချိုးဖောက်မှုရှိနေလဲဆိုတာ စစ်ဆေးတဲ့ အခါမျိုးမှာ စစ်တပ်နဲ့ အဓိက ရင်ဆိုင်တွေ့ရတဲ့ အခင်းအကျင်းတွေပိုများလာတယ်။ တခြားလက်နက်ကိုင်အဖွဲ့တွေနဲ့ တွေ့ရတာတွေလည်းရှိတယ်။ လက်ရှိမှာကတော့ တစ်နိုင်ငံလုံးမှာ ဖြစ်ပျက်နေတဲ့ ကိစ္စတွေအပေါ် စစ်အာဏာရှင်နဲ့ အများဆုံး ရင်ဆိုင်လာရပါတယ်”
“အသက်မွေးဝမ်းကျောင်းမှာတော့ ကျွန်မက လစာကောင်းတဲ့ အလုပ်တစ်ခုကို ဆုံးရှုံးခဲ့ရတယ်။ ဘာဝင်ငွေမှ မရှိဘဲ တစ်နှစ်တိတိ မီဒီယာအလုပ်မှာ ကိုယ့်သတင်းဌာန ရပ်တည်ရေးအတွက်၊ သတင်းရေရှည်ရေးအတွက် ကရင်ပြည်နယ်ထဲမှာ ခဏအခြေစိုက်ပြီးတော့ အလုပ်လုပ်ခဲ့ရတယ်။ ဆုံးရှုံးမှုလို့ပြောရင် အလုပ်အကိုင်၊ ဝင်ငွေတွေ ဆုံးရှုံးခဲ့တယ်။ တစ်ဖက်မှာ Volunteer လုပ်တဲ့ အလုပ်တွေပဲ ရှိတော့တယ်။ နောက်တစ်ဖက်မှာကျ မိသားစုပေါ့။ မိသားစုကိုလည်း ဆုံးရှုံးခဲ့ရတယ်။ မိသားစုနဲ့ ဝေးကွာခဲ့ရတယ်။ လွတ်လပ်စွာ၊ ဂုဏ်သိက္ခာရှိစွာ နေထိုင်နိုင်ခွင့်တွေ ဆုံးရှုံးပြီးတော့ တခြားနိုင်ငံမှာ အထောက်အထားမဲ့အနေနဲ့ တစ်နှစ်တိတိလောက် ရုန်းကန်ခဲ့ရတယ်”
All photos provided by Exile Hub fellows
ယခု လှုပ်ရှားမှု ကမ်ပိန်းအကြောင်း
“ငါ့အသံသာကျန်တော့တယ်” ကမ်ပိန်းသည် ၂၀၂၄ ခုနှစ် ကမ္ဘာ့သတင်းလွတ်လပ်ခွင့်နေ့ အခမ်းအနားတွင် Exile Hub မှ စတင်ခဲ့သော လှုပ်ရှားမှု တစ်ခုဖြစ်ပြီး မြန်မာနိုင်ငံတွင် ဖိနှိပ်အုပ်ချုပ်မှုများကြော််င့် နှုတ်ပိတ်ခံရခြင်း၊ညှင်းပန်းနှိပ်စက်ခြင်း သို့မဟုတ် အတင်းအဓမ္မပြည်နှင်ဒဏ်ပေးခြင်းတို့ကို ခံခဲ့ရသည့် လူ့အခွင့်အရေးကာကွယ်သူများ နှင့် သတင်းမီဒီယာသမားများ၏ အသံကို မြင့်တင်ရန် ဖြစ်သည်။ ဤကမ်ပိန်းမှတဆင့် ကျွန်ုပ်တို့သည် လူ့အခွင့်အရေးကာကွယ်သူများနှင့် သတင်းမီဒီယာသမားများ၏ ဇာတ်လမ်းများကို ချဲ့ထွင်ရန်၊ ၎င်းတို့၏ ရုန်းကန်လှုပ်ရှား မှုများကို မီးမောင်းထိုးပြရန်နှင့် ၎င်းတို့၏ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်နှင့် လုံခြုံရေးဆိုင်ရာ အခွင့်အရေးများအတွက် ထောက်ခံအားပေးရန် ရည်ရွယ်ပါသည်။
Exile Hub သည် အထူးသဖြင့် မကြာသေးမီက အာဏာသိမ်းမှုနှင့် စစ်တပ်၏ လူ့အခွင့်အရေးချိုးဖောက်မှုများကြောင့်နေအိမ်များမှ ထွက်ပြေးခဲ့ရသည့် လူ့အခွင့်အရေးကာကွယ်သူများနှင့် မီဒီယာထုတ်လုပ်သူများအား အရင်းအမြစ်များနှင့် အထောက်အပံ့များပေးသည့် အကျိုးအမြတ်မယူသောအဖွဲ့အစည်းတစ်ခုဖြစ်သည်။ ကျွန်ုပ်တို့၏ပင်မစာမျက်နှာသို့ ဝင်ရောက်ကြည့်ရှုပါ။
သင်ဘယ်လိုကူညီထောက်ပံ့နိုင်မလဲ။
မြန်မာနိုင်ငံတွင် ဒီမိုကရေစီနှင့် တရားမျှတမှုအတွက် ဆက်လက်တိုက်ပွဲဝင်နေသော ရဲရင့်သော ပုဂ္ဂိုလ်များနှင့်စည်းလုံးညီညွတ်စွာ လက်တွဲပါဝင်လိုက်ပါ။
#OnlyMyVoiceLeft #WorldPressFreedomDay ဟူသော hashtag များဖြင့် ဤဝဘ်ဆိုက်ကို သင့်လူမှုမီဒီယာချန်နယ်များတွင် မျှဝေပြီး ကျွန်ုပ်တို့အား အသိပညာမြှင့်တင်ရန် ကူညီလိုက်ပါ။